အသုံးဝင်သော Keyboard မှ Shortcut Key များ


 ကွန်ပျူတာအသုံးပြုရာမှာ အချိိိန်ကုန်သက်သာစေရန်အတွက် Short Cut Key များကိုအသုံးပြု နိုင်ပါတယ်။

  1. Ctrl+C = အရာဝတ္တုကို Select မှတ်လိုက်ပါ၊Ctrl+C နှိပ်ပါ၊ထိုအရာဝတ္တုကို Copy ယူခြင်းဖြစ်ပါတယ်
  2. Ctrl+V = Copy ယူပြီးသားကို ပြန်လည်နေရာချထားခြင်း Paste လုပ်ပါတယ်။
  3. Ctrl+X = အရာဝတ္တုများကို Select မှတ်လိုက်ပါ၊ပြီးမှ Ctrl+X ကိုနှိပ်ပါ၊ထိုအရာဝတ္တုကို Cut လုပ်ခြင်းဖြစ်ပါတယ်။
  4. Ctrl+Z = မိမိလုပ်ဆောင်ချက်တစ်ခုလုပ်ပြီး မနှစ်သက်ပါက မူလနေရာသို့ပြန်လည် သွားရောက်ခြင်း Undo လုပ်ခြင်းပဲ ဖြစ်ပါတယ်။
  5. Ctrl+Shift+Z = Undo လုပ်ထားတာကို ပြန်လည်ပယ်ဖျက်တာပါ။
  6. Ctrl+Esc = Windows Key ကိုအသုံးပြုတာနှင့်တူ
  7. Windows Key = Start Menu ကိုဖွင့်ချင်ရင် အသုံံးပြုပါ။
  8. Ctrl+I = Program တစ်ခုဖွင့်ပြီးစာရိုက်စဥ် စာတွေကို Select မှတ်ချယ်လိုက်ပါ၊Ctrl+I နှိပ်ပါ၊စာတွေကို အစောင်းပုံစံပြုလုပ်တာပါ။
  9. Ctrl+U = စာရိုက်စဥ် စာတွေကို Select မှတ်ချယ်လိုက်ပါ၊Ctrl+U နှိပ်ပါ၊စာတွေကို အောက်လိုင်းတားခြင်းဖြစ်ပါတယ်။
  10. Ctrl+B = စာရိုက်စဥ် စာတွေကို Select မှတ်ချယ်ပါ၊Ctrl+B နှိပ်ပါ၊စာလုံးတွေကို အရောင်တင်တာပါ။
  11. Ctrl+End = ရေးသားထားတဲ့ စာပိုဒ်ရဲ့အဆုံးကို သွားပါတယ်။
  12. Ctrl+Home = ရေးသားထားတဲ့စာပိုဒ်ရဲ့အစကိုသွားပါတယ်။
  13. Ctrl+Shift+Drag = Ctrl+Shift ကိုဖိထားရင်း Folder တစ်ခုခုကို နှိပ်ဆွဲပါ၊အဲ့ဒိ Folder အတွက် Short Cut ထုပ်ပြီးသား ဖြစ်နေပါလိမ့်မယ်။
  14. Ctrl+Drag = Ctrl ကိုဖိရင်း Folder တစ်ခုခုကို နှိပ်ဆွဲပါ၊ အဲ့Folder ဟာမိတ္တူပွားပြီးသား ဖြစ်နေပါမယ်။
  15. Ctrl+Alt+Delete = Task Manager Box ဖော်ပြပေးပါတယ်။
  16. Ctrl+Windows +F = Search Box ကိုဖော်ပြပာတယ်။
  17. Ctrl+Windows+Tab = My Computer ကိုနှိပ်ဖွင့်ပါ၊ပြီးမှ Ctrl+Windows+Tab ကိုနှိပ်ပါ၊Explorer အပေါ်မှာရှိတဲ့ Address Bar ထဲကစာကို Select မှတ်ပေးပါတယ်။
  18. F1 = မိမိလုပ်ဆောင်ချက်တွေအကူညီ လိုအပ်ပါကနှိပ်ပါ၊မိမိလုပ်ငန်းနှင့် ပက်သတ်တဲ့ ဖြေရှင်းချက်များကို ကြည့်ရှု့ခြင်းဖြစ်ပါတယ်။
  19. F2 = Folder / File တစ်ခုခုကို Select မှတ်ပြီး F2 ကိုနှိပ်ပါ၊ Folder/file ရဲ့နာမည်ကို ပြန်ပြောင်းရေးသားနိုင်ပါတယ်။
  20. F3 = Search Box ပေါ်လာအောင်ပြုလုပ်နည်း ဖြစ်ပါတယ်။
  21. F4 = Folder တစ်ခုကို နှစ်ချက်နှိပ်ပြီး အရင်ဖွင့်လိုက်ပါ၊ပြီးမှ F4 ကိုနှိပ်ပါ၊လက်ရှိနေရာမှ အခြားနေရာသို့သွားရန် Address Bar ကိုအောက်သို့ ဖြန့်ချပေးပါတယ်။
  22. F5 = Refresh လုပ်ခြင်းဖြစ်ပါတယ်။
  23. F6 = Folder တစ်ခုကို နှစ်ချက်နှိပ်ပြီး အရင်ဖွင့်လိုက်ပါ၊ပြီးရင် F6 ကိုခဏခဏနှိပ်ပါ၊Cursor ဟာနေရာပြော​​င်းပေးနေတာကို တွေ့ရပါမယ်။
  24. F7 = F7 ကတော့မိမိအသုံးပြုနေတဲ့ Program အလိုက်အသုံပြုတာဖြစ်ပါတယ်။
  25. F10 = Menu Bar မှာရှိတဲ့ Option တွေကိုအဆင့်သင့်ဖြစ်စေပါတယ်။
  26. Shift+F10 = အရာဝတ္တုကို Select မှတ်ပါ၊ပြီးရင် Shift+F10 ကိုနှိပ်ပါ၊အဲ့ဒိအရာပေါ်က Right Click နှိပ်တာနဲ့တူပါတယ်။
  27. Shift+Tab = ရှေ့သွားတဲ့ Function တွေကိုနောက်ပြန်ဆုတ်တဲ့အခါ အသုံးပြုပါတယ်။
  28. Shift+Delete = Select မှတ်ထားတဲ့ File ကိုအမှိုက်ပုံးထဲမရောက်စေဘဲ အပြင်ကိုအပြီးဖျက် ထုတ်ပေးပါတယ်။
  29. Alt+Tab = ဖွင့်ထားတဲ့ Program တွေတစ်ခုနဲ့တစ်ခု အကူးအပြောင်းလုပ်တဲ့အခါမှာ အသုံးပြုပါတယ်။
  30. Alt+Space Bar = ဖွင့်ထားတဲ့ Program တစ်ခုရဲ့ Restore,Minimize, Miximize & Close ကိုဖော်ပြပေးပါတယ်။
  31. Alt+Enter = Select မှတ်ထားတဲ့အရာရဲ့ Properties ကိုကြည့်နိုင်ပါတယ်။
  32. Tab = Function တွေတစ်ခုနှင့်တစ်ခု ရှေ့သို့ရွှေ့တဲ့အခါ အသုံးပြုပညတယ်။
  33. Windows+Tab = Task Bar ပေါ်မှာဖွင့်ထားတဲ့ Program တွေကိုအကူးပြောင်းလုပ်ပေးပါတယ်။
  34. Windows+D = ဖွင့်ထားတဲ့ Program အားလုံး Task Bar ပေါ်မှယာယီသိမ်းပေးပါတယ်။
  35. Windows+Pause Break = ကွန်ပျူတာရဲ့ System Properties Box ကိုဖော်ပြပေးပါတယ်။
  36. Window+L = ကွန်ပျူတာကို Log Off ပြုလုပ်ပေးပါတယ်။
  37. Window+M = ဖွင့်ထားတဲ့ Explore အားလုံးကို Task Bar မှာသိမ်းပေးပါတယ်။
  38. Window+E = My Computer ကိုဖွင့်ပေးပါတယ်။
  39. Window+R = Start Menu မှာရှိတဲ့ Run Box ကိုဖွင့်ပေးပါတယ်။
  40. Alt+F4 = ဖွင့်ထားတဲ့ Program ကိုပိတ်ပေးပါတယ်
  41. Window+F = Search Box ကိုဖွင့်ပေးပါတယ်။
  42. Window = Start Menu ကိုဖွင့်ပေးပါတယ်။
  43. Delete Key = Select မှတ်ထားတဲ့ File ကိုဖျက်ရာမှာ အသုံးပြုပါတယ်။
  44. Enter = Object တစ်ခုကို OK/နှစ်ချပ်ဖွင့်တာဖြစ်ပါတယ်။
  45. Esc = ပိတ်ဖို့ Close ကိုရှာမတွေ့တဲ့ Program တွေမှ ပြန်ထွက်တဲ့အခါ အသုံးပြုပါတယ်။

Comments