Skip to main content
သိမှတ်ဖွယ် မြန်မာစကားပုံ (က)နှင့် စသောစကားပုံများ

- ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ
- ကိုယ့်ရှူး ကိုယ်ပတ်
- ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွားအလားကျောင်း
- ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်
- ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ
- ကိုယ့်စိတ်နှင့်နှိုင်း မရိုင်း
- ကိုယ့်ပေါင် ကိုယ်လှန်ထောင်း
- ကိုယ်ကောင်း ခေါင်းမရွေ့
- ကိုယ့်ငါးချဥ် ကိုယ်ချဥ်
- ကိုယ်ထင် ခုတင်ရွှေနန်း
- ကိုယ့်လူ သူ့ဘက်သား
- ကိုယ့်တရား ကိုယ်စီရင်
- ကိုယ့်စေတနာ ကိုယ့်အကျိုးပေး
- ကိုယ့်ရေးကြုံက သက်လုံကောင်း
- ကစားသမား စကားမတည်
- ကဆုန် နယုန်ဆွေ့ဆွေ့ခုန်
- ကံကိုယုံ၍ ဆူးပုံမနင်းရာ
- ကံထမ်းလာတာမမြင်ရ လှံထမ်းလာတာမြင်ရ
- ကံတူ အကျိုးပေး
- ကံရှိမှတက် ဥာဏ်ရှိမှမြတ်
- ကံမရှိ ဥာဏ်ရှိတိုင်းမွဲ
- ကုန်ရှုံးလျှင်တစ်ခေါက် လင်ကုန်ရှုံးလျှင်တစ်သက်လုံးမှောက်
- ကုသိုလ်လည်းရ ဝမ်းလည်းဝ
- ကောက်ညှင်းကမစေး ဆန်ကြမ်းကစေး
- ကမ္ဘာမီးလောင် သားကောင်ချနင်း
- ကျည်ပွေ့အတက်ပေါက်
- ကြွေးပေးလျှင်ဆုံး တောင်းလျှင်မုန်း
- ကြိုးစားက ဘုရားဖြစ်
- ကျေးဇူးရှိမှ ကျေးစွပ်သည်
- ကျောပူမှ ဝမ်းအေး
- က ချင်လျက်လက်ကျိုး
- ကျောပူတာခံချင်သည် နားပူတာမခံချင်
- ကောက်သော်မစားလောက် ဖြောင့်သော်စားမကုန်
- ကလိန်စေ့ ငြမ်းဆင်
- ကြည့်တက်မှမြင် ဆေးတက်မှစင်
- ကျူပင်ခုတ် ကျူငုတ်ပါမကျန်
- ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ်
- ကောင်းမှန်းသိ သာအိတစိုစို
- ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
- ကာလဒေသံ အဂ္ဂဓနံ
- ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
- ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံးကန်း
- ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက်
- ကျောချမှ ဓားပြမှန်းသိ
- ကြမ်းကျွံလျှင်နုတ်ရ စကားကျွံလျှင်နုတ်မရ
- ကြာကြာဝါးမှ ခါးမှန်းသိ
- ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်
- ကြာလေကောင်းလေ ဟောင်းလေသစ်လေ
- ကြီးလျှင်မှီ ငယ်လျှင်ချီ
- ကြီးသူကိုရိုသေ ရွယ်သူကိုလေးစား ငယ်သူကိုသနား
- ကျီးကန်းမှန် အဆီမရှိ
- ကျီးကန်း တောင်းမှောက်
- ကျီး ဘုတ်ရိုသေ ဘုတ် ကျီးရိုသေ
- ကြွက်မနိုင် ကျီမီးရှို့
- ကြွက်နားရွက် ဝက်တပ်
- ကြွက်သေတစ်ခု အရင်းပြု
- ကြက်ကန်း ဆန်းအိုးတိုး
- ကြက်ခေါင်းဆိတ်မခံ
- ကြက်မတွန်လို့ မိုးမလင်း
- ကြက်မှာအရိုး လူမှာအမျိုး
- ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ
- ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး
- ကြောင်အို ကြွက်မလေး
- ကြောင်မရှိ ကြွက်မြူး
- ကြောင်သူတော် ကြွက်သူခိုး
- ကျွဲကူး ရေပါ
- ကျွဲချိုလိန် လူနံပိန်
- ကျွဲပါး စောင်းတီး
- ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေး
- ကျားသေမှ လူစွမ်းကောင်းပေါ်
- ကျားလိုက်မှ တုတ်ခုတ်
- ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး
- ကျားကြီး ခြေရာကြီး
- ကျားသနားမှ နွားချမ်းသာ
- ကျားရဲရာ ကြမ္မာမရိုးသာ
- ကိုယ့်အတက် ကိုယ်စူး
Comments
Post a Comment