ဗိသုကာအရရော သမိုင်းတန်ဖိုးအရပါ ကြီးကျယ်ခမ်းနားလှသည့် ဝန်ကြီးများရုံးဆီသို့အလည်တစ်ခေါက်
ဝန်ကြီးများရုံးသည် အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းစတဲ့ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီီီီးလေးခုက ဝန်းရံထားပါတယ်။အများပြည်သူများ လာရောက်််််ကြည့်ရှုနိုင်ရန်အတွက် ေန့စဥ်နံနက်(၀၉း၀၀)မှ ည ေန(၀၅း၀၀)ထိ ပိတ်ရက်မရှိိ ဖွင့့်လှစ်ထားပါတယ်။ဝင််််််ကြေးလူတစ်ယောက်လျှင် (၅၀၀)ကျပ်ပါ၊ အဆောက်အအုံံံံတွေဘက် ဝင်််််ကြည့်လို့ရတဲ့ Guided Heritage Tour လည်းရှိိိိပါတယ်။တစ်ဦးကို(၁၀၀၀)ကျပ်ပါ၊ ဂိတ်ကပေးတဲ့ ကဒ််််ပြားလေးနဲ့အတူ အဆောက်အအုံံံံအလည်ရှိ အလံတိုင်နားမှာ လူစုခိုင်းပြီး Guide တစ်််််ယောက်မှ လိုက်ရှင်းပြပါတယ်။
ပထမဆုံးအနေနဲ့ လွှတ်တော်အဆောက်အအုံထဲရှိ အခန်းတစ်ခန်းမှာ မိနစ်(၂၀)စာ ရုပ်ရှင်ကို Projector ဖြင့် လွတ်လပ်ရေးနေ့ အခမ်းအနား၊ ဗိုလ်ချုပ် ဇာပနအခန်းအနား စတဲ့ သမိုင်းဝင်ရုပ်ရှင်တွေကို ပြသပါတယ်။
လွှတ်တော်ကဟိုးအရင် အင်္ဂလိပ်လက်ထက်က ဆောက်ခဲ့တာဆိုတော့ အခုလက်ရှိ အင်္ဂလန်နိုင်ငံမှာ အသုံးပြုနေတဲ့ လွှတ်တော်ပုံစံနဲ့ တူပါတယ်။လွှတ်တော်ရဲ့ ဒီဇိုင်းက ရုပ်ရှင်ရုံပုံစံဒီဇိုင်း လုပ်ထားပြီးတော့ လွှတ်တော်အလယ်ထိုင်ခုံတွင် လွှတ်တော်ဥက္ကဌထိုင်ပြီး ဥက္ကဌ၏ညာဘက်တွင် အနိုင်ပါတီနှင့် ဘယ်ဘက်အခြမ်းတွင် အတိုက်ခံပါတီ မျက်နှာခြင်းဆိုင် ပုံစံမျိုးဖြင့် လွှတ်တော်ကိုဖွဲ့စည်းတည်ဆောက်ထားပါတယ်။ လွှတ်တော်ထဲတွင် လူဦးရေ(၂၅၀)ခန့် ဝင်ဆန့်ပါတယ်။ လွှတ်တော်ထဲက ခုံအများစုဟာ များသောအားဖြင့် ကျွန်းသစ်ကိုပဲ အသုံးပြုထားပါတယ်။
ယခုမြင့်တွေ့ရသော အလံမှာ (၁၉၄၈)မှ (၁၉၇၄)ထိ အသုံးပြုခဲ့သော အလံဖြစ်ပါတယ်။ကြယ်ငါးလုံးကတော့ ပင်လုံစာချုပ်မှာပါဝင်တဲ့ တိုင်းရင်းသား ငါးမျိုးကို ကိုယ်စားပြုပြီးတော့ ကြယ်ကြီးကတော့ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပါတယ်။
လွှတ်တော်အတွင်းရှိမျက်နှာဂျက်မှာတော့ ယူနီယံဂျက်အလံကို ပုံဖော်ထားတာကို တွေ့မြင်နိုင်ပါတယ်။
(လွှတ်တော်ထဲတွင် Photo/Video များရိုက်ခွင့်မပြုပါဘူး)
လွှတ်တော်ရဲ့အပြင်ဘက်မှာ အရင်ကအသုံးပြုခဲ့တဲ့ England နိုင်ငံထုတ် နာရီကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်ပြီး အဆောက်အအုံကြီးကို မိုးခဲ့သော ကျောက်ပြားများကိုလည်း လေ့လာနိုင်ပါတယ်။
ဗိသုကာအရရော သမိုင်းတန်ဖိုးအရပါ ခမ်းနားကြီးကျယ်လှသော ဝန်ကြီးများရုံးအဆောက်အအုံကြီးကို ဗြိတိသျှအစိုးရလက်ထက် ဗြိတိသျှဗိသုကာပညာရှင် Mr.Henry Hoyue-Fox ကအဆောက်အအုံတစ်ခုလုံးကို ဒီဇိုင်းရေးဆွဲ ပြီး (၁၈၈၉)မှစတင် ဆောက်လုပ်ခဲ့ပါသည်။
နောက်ပြီး ပန်းချီပြခန်းလေးရယ်၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်လေးရယ်၊ Coffee ဆိုင်လေးတွေလည်း ပြန်ဖွင့်နေပါပြီ။
Comments
Post a Comment