နောင်တ (၁၀)ပါး
နောင်တ (၁၀) ပါး
===========
၁ ။ ငယ်စဉ်အခါက အတက်ပညာတစ်ခုခုကို ကျွမ်းကျင်တက်မြောက်အောင် မသင်ယူခဲ့ခြင်း၊
၂ ။ ပစ္စည်း၊ဥစ္စာရှာဖွေစုဆောင်းရမည့်အရွယ်တွင် ပစ္စည်း၊ဥစ္စာရှာဖွေစုဆောင်းရန်မေ့လျော့ကာ အချိန်ကုန်လွန်ခဲ့ခြင်း၊
၃ ။ သူတစ်ပါးတို့၏အကျိုးကို မလိုလားဘဲ ပျက်စီးစေသောငှာ ချောက်တင်းကုန်းချော အတင်းပြောခဲ့ခြင်း၊
၄ ။ ကိုယ်ချင်းမစာ၊ မညှတာဘဲ ယုတ်မာရက်စက်သူ့အသက်ကို သတ်ဖြတ်ခြင်း၊
၅ ။ သူတစ်ပါး၏သားမယားကို ကျူးလွန်ပြစ်မှား စော်ကားခဲ့ခြင်း၊
၆ ။ ပစ္စည်း၊ဥစ္စာရှိလျက် အနည်းငယ်မျှမစွန့်ကြဲ၊ မပေးကမ်း၊ မလှူဒါန်းခဲ့ခြင်း။
၇ ။ အမိ၊အဖတို့အား အလုပ်အကျွေးမပြုခဲ့ခြင်း၊
၈ ။ အမိအဖ၊ ဆရာသမားတို့၏ သွန်သင်ဆုံးမညွန်ပြမှု တို့ကိုမခံယူခဲ့ခြင်း၊
၉ ။ သီလမြဲမြံ အကျင့်မှန်သည့် ဥာဏ်စွမ်းရည်ပြည့် ပညာရှိတို့ထံ မဆည်းကပ်ခဲ့ခြင်း၊
၁၀။ သူတော်မဟုတ်၊ သူယုတ်တို့၏ အကျင့်ကိုကျင့်ခဲ့ခြင်း၊ တို့ဖြစ်ပါတယ်။
Comments
Post a Comment