အင်းလေးကန်၏ဆွဲဆောင်မှု
အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်တွင်တည်ရှိပြီး မြန်မာနိုင်ငံတွင် အင်းတော်ကြီးအိုင်ပြီးလျှင် ဒုတိယအကြီးဆုံးအိုင်ဖြစ်သည်။အင်းလေးကန်၏ မူလဧရိယာမှာ (၁၀၄) စတုရန်းမိုင်ခန့်ကျယ်ဝန်းရာမှ စံချိန်တင်ပူပြင်းခဲ့မှုကြောင့် (၆၃)စတုရန်းမိုင်ခန့်သာ ကျယ်ဝန်းတော့သည်။အလျား ၁၁မိုင်နှင့် အနံ၄မိုင်ခန့်သာကျန်ရှိတော့သည့် အင်းလေးကန်တွင် လူဦးရေ (၁၇၀၀၀၀)ကျော်နှင့် ကျေးရွာပေါင်း (၄၀၀)ကျော်ရှိသည်။အင်းလေးကန်အတွင်းသို့ နမ့်ကတ်ချောင်းနှင့် စကားအင်းတို့မှ ရေများစီးဝင်သည်။
အင်းလေကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅၀ ပေအမြင့်တွင်တည်ရှိသည်။အရှေ့ဘက်ရှိ ဆင်တောင် နှင့် အနောက်ဘက်ရှိ သန်းတောင်တို့သည် အင်းလေးကန်ရေပြင်တွင်အရိပ်ကျရောက်ကြသည်။အင်းလေးကန်၏ အလှတရားမှာ ခရီးကိုလှည်းဖြင့်မသွား လှေဖြင့်သွားရသောဒေသ၊ လှေကိုလက်ဖြင့်မလှော် ခြေဖြင့်လှော်သောဒေသ၊ အိမ်ကိုမြေမှာမဆောက် ရေတွင်ဆောက်သောဒေသဖြစ်သည့် အင်းလေးကန်၏ သဘာဝအလှတရားဖြစ်သည်။
ကျွန်းမျောများကိုမှီ၍ ငါးဖမ်းခြင်း၊ ကျွန်းမျောများပေါ်တွင် အသီးအနှံများစိုက်ပျိုးခြင်းကို ၎င်းတို့၏ ရေခြံလုပ်ငန်းဟုခေါ်သည်။အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရားသည် အလွန်ထင်ရှားလှပေသည်။ဘုရားပွဲတော်ကို သီတင်းကျွတ်ကာလတွင် စည်ကားစွာကျင်းပပြီး ဤပွဲတော်တွင် ခြေဖြင့်လှော်ခတ်ယှဥ်ပြိုင်ရသော လှေပွဲတော်မှာ အံသြဖွယ်ကောင်းလှပါသည်။အင်းသားတို့၏ ထူးချွန်လှသော လက်မှုပညာရပ်များဖြစ်သည့် ပန်းပဲ၊ လက်သမား၊ ယွန်း၊ ငွေပန်းထိမ်လုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။အင်းလေးကန်၏ အလှသည် ပြည်တွင်း၊ပြည်ပခရီးသွားများ အလွန်ပင်ဆွဲဆောင်ထားသည်။
Comments
Post a Comment