အသည်းပုံရေကန် "ရိဒ်"ရေကန်
ချင်းြပည်နယ် ရိဒ်ေခါဒါရ်မြို့နယ်ခွဲတွင် တည်ရှိေသာ ရိဒ်ေရကန်သည် ပင်လယ်ေရမျက်နှာြပင်အထက် အမြင့်ေပ ၂,၉၆၆ ေပတွင်တည်ရှိပါသည်။ရိဒ်ေရကန်ကို သွားေရာက်မည်ဆိုပါက စစ်ကိုင်းတိုင်းေဒသကြီး ကေလးမြို့မှတစ်ဆင့် ကေလး - တီးတိန် - ရိဒ် (၈၉)မိုင်လမ်းေကြာင်းအတိုင်း ကားြဖင့်သွားလာနိုင်ပါတယ်။အသည်းပုံစစ်စစ်ေရကန်သည် ြမန်မာနိုင်ငံ ချင်းြပည်နယ်ရှိ ရိဒိေရကန်ကြီး တစ်ကန်သာရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်သာမက ကမ္ဘာေပါ်တွင်ရှိသမျှ ေရကန်များနှင့် မတူဘဲ ဆန်းကြယ်လှသည်။ရိဒ်ေရကန်သည် ေချာင်းေရ၊ေမြာင်းလည်း စီးမဝင်၊မိုးရာသီတွင် ကန်ေရပြင်ကြည်လင်၍ ေဆာင်းနှင့် နှင်းထန်သည့်အချိန်တွင် ကန်ေရပြင်သည်ရဲရဲနီ၍ ေနာက်ခြင်းစေသာ ထူးဆန်းသည့်ဖြစ်စဥ်များေကြာင့် အံ့ဖွယ်တစ်ရပ်ပင်ဖြစ်သည်။ ရိဒ်ေရကန်မှ ေရကိုခပ်ယူပြီး အရပ်ေဒသတစ်ခုသို့ ယူေဆာင်သွားပါက အဆိုပါေရသည် ရိဒ်ေရကန် ေနာက်ေနချိန်တွင်ေနာက်ပြီး ကန်ေရပြင်ကြည်လင်ချိန်တွင် ကြည်လင်ေန ေကြာင်းသိရသည်။ရိဒ်ေရကန်သည် ေရကန်ပတ်လည်အနား ၂.၅မိုင်ရှိပြီး ပျှမ်းမျှေရအနက်မှာ ေပ ၅၀ ရှိကာ အနက်ဆုံးေနရာတွင် ေပ ၆၀ ခန့်ရှိသည်။ကန်ေရပြင်တွင် ကြာဖြူ၊ကြာနီ၊ေဗဒါပန်းများဖူးပွင့်ေနပြီး မိုးမခပင်များအထက်တွင် ရှားပါးသစ်ခွများ ေပါက်ေရာက်လျှက်ရှိေကြာင်း သိရှိရပါသည်။



Comments
Post a Comment