Skip to main content
အစွမ်းအစနယ်ပ
အစွမ်းအစနယ်ပယ်ဆိုခြင်းမှာ အဆန်းတကြယ်မဟုတ်။ နောင်အနာဂတ် မိမိရင်ဆိုင်ကြုံတွေ့နိုင်စရာရှိသည့် အနေအထားများ ပြဿနာများအတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်ပါတယ်။
ကမ္ဘာကျော် ဖို့ဒ်မော်တော်ကားကုမ္ပဏီတွင် "ဘီလ်" ဟုခေါ်သော အလုပ်သမားတစ်ယောက်ရှိသည်။သူသည် အလုပ်သမားအဆင့်ဆင့်တို့က စက်ပစ္စည်းများကိုတစ်စိတ်ချင်း တပ်ဆင်ကာမော်တော်ကားတစ်စီးဖြစ်အောင် လုပ်ပေးရသည့် Assembly Line ခေါ် စက်ဆင်လုပ်သားတန်းတွင် ပါဝင်ရသူ တစ်ဦးဖြစ်သည်။၎င်းတို့ လုပ်သားတန်းနေရာတွင် စက်ရုပ်များအစားထိုးတော့မည်ဟု သတင်းကြားသည့်အခါ အခြားသူများက ညည်းညူကြ မကျေမနပ်ဖြစ်ကြ စိုးရိမ်ပူပန်ကြသည်။လုပ်သားတော်တော်များများမှာ လူလတ်ပိုင်းအရွယ်ဖြစ်၍ သည်စက်ဆင်လုပ်သားတန်းမှာပင် ပင်စင်ယူသည်အထိ လုပ်သွားရန် ပိုင်းဖြတ်ထားသူများ ဖြစ်ကြသည်။
သင်္ဘောနစ်တော့မည်ကို သိလျက်နှင့် ကျန်လူများငုတ်တုပ်ထိုင် အသေခံရန် စောင့်ဆိုင်းနေကြစဉ် "ဘီလ်"က သူ့အတွက် အသက်ကယ်ပစ္စည်းကို သူ့ဘာသာ ကြံဆရှာဖွေသည်။
"ဘီလ်"သည် ညပိုင်းဖွင့်လှစ်သည့် ကွန်ပြူတာသုံးစက်ပစ္စည်းများ ကိုင်တွယ်နည်း သင်တန်းတစ်ခုသို့တက်ရောက်သည်။ထို့ပြင် သူ့သင်တန်းတက်နေကြောင်းကိုလည်း အထက်လူကြီးသိအောင် လုပ်ထားသည်။
ကြိုတင်ကြားသိထားရသည့်အတိုင်းပင် တစ်နှစ်ခန့်အကြာ၌ သူတို့စက်ဆင်လုပ်သားတန်းမှ လုပ်သားတစ်ရာတစ်ဆယ်ကို အလုပ်တာဝန်ရပ်စဲလိုက်ပြီး ၎င်းတို့နေရာ၌ စက်ရုပ်များ အစားဝင်လာသည်။စက်ရုပ်များကြောင့် လူတစ်ရာကျော် အလုပ်ပြုတ်သွားသော်လည်း စက်ရုပ်များကို ထိန်းချုပ်ကွပ်ကဲရန် အတွက် အလုပ်သမားအနည်းငယ် လိုနေသေးသည်ဖြစ်ရာ ၎င်းအလုပ်အတွက်ခန့်အပ်သည့် စက်ရုပ်ကိုင် အလုပ်သမားတစ်စုထဲတွင် "ဘီလ်"လည်းပါဝင်လာသည်။"ဘီလ်" သည် အလုပ်မပြုတ်သည့်အပြင် ရာထူးအဆင့်ရော လစာပါ တိုးသွားလေသည်။
ဤသည်မှာ အနာဂတ်အရေးကို မျှော်တွေးကာ မိမိအစွမ်းအစများ တိုးပွားနေအောင် ကြံဆောင်တက်သူ တစ်ဦးအကြောင်း သာဓက ကလေးတစ်ခုဖြစ်ပါသည်။
ဆရာဖေမြင့် ၏ "အောင်မြင်မှု ချမ်းသာသုခ နှင့် ဓနဥစ္စာ" စာအုပ်မှကောက်နှတ် ထားခြင်းဖြစ်ပါသည်။
Comments
Post a Comment