မြန်မာ့ပထမဆုံးမီးရထားလမ်း

ရန်ကုန် - ပြည်ရထားလမ်းကို ၁၈၇၆ ခုနှစ်တွင်ဖောက်လုပ်ခဲ့ပြီး ၁၈၇၇ ခုနှစ်တွင် ရန်ကုန် - ပြည်ခရီးစဥ်အား စတင်ပြေးဆွဲခဲ့သည်။သို့သော်လည်း ပြည်မြို့အထိမသွားဘဲ ရန်ကုန်ဘူတာမှ ၉မိုင်အကွာတွင်တည်ရှိသော အင်းစိန်ဘူတာအထိသာ ခုတ်မောင်းခဲ့သည်။မြန်မာ့ပထမဆုံးပြေးဆွဲ့သည့် မီးရထားစက်ခေါင်းသည် ပေါင်ချိန် (၃၈၅၇) ဆွဲအားရှိသည့် ၁၈တန်အင်ဂျင်ဖြစ်ပြီး ရိုးရိုးတွဲ ၁၂တွဲနှင့် သီးသန့်တွဲတစ်တွဲပါရှိခဲ့သည်။၎င်းသံလမ်းအရှည်မှာ ၁၆၁ မိုင်ရှည်လျားသော မီးရထားလမ်းဖောက်လုပ်ခဲ့သည်။ရန်ကုန် - ပြည်အကွာအဝေးမှာ ၁၇၄ မိုင်ရှိသည်။သံလမ်းအကျယ် ၃၉.၃၇ လက်မ၊သံလမ်းနှစ်ခုအကြားအကွာအဝေး ၃.၃၇၅ လက်မရှိပြီး ရထားလမ်းတစ်မိုင်အတွက် ၇၃၀၀၀ ကုန်ကျခဲ့သည်။၎င်းရထားလမ်းကို ရန်ကုန် -ဧရာဝတီမြစ်ဝှမ်း မီးရထားလမ်း ဟုလည်းခေါ်ဆိုသည်။

Comments