အင်္ဂလိပ် မြန်မာ အဘိဓာန်ကို ပထမဆုံးပြုစုရေးသားခဲ့သူ မက္ခရာမင်းသားကြီး
မြန်မာ့သမိုင်းတွင် အင်္ဂလိပ် မြန်မာအဘိဓာန်ကို ပထမဆုံး ရေးသားပြုစုခဲ့သူမှာ မက္ခရာမင်းသားကြီးဖြစ်ပါတယ်။(၁၇၈၂)ခုနှစ်တွင် နန်းတက်သော ဘိုးတော်ဗဒုံမင်း၏သားတော်ဖြစ်ပြီး ငယ်နာမည်မှာ မောင်ပျိုးဖြစ်ပါတယ်။ဘွဲ့နာမည်မှာ မင်းရဲကျော်စွာ ဖြစ်ပါတယ်။စာမျက်နှာ (၄၈၆) ပါဝသော အဘိဓာန်ကို မစ္စတာလိန်းနှင့် တွဲဖက်၍ ပြုစုရေးသားပြီးနောက် (၁၈၃၃)ခုနှစ်တွင် အိန္ဒိယ ပြည် ကာလကတ္တားမြို့၌ ပုံနှိပ်ခဲ့သည်။နှစ်ပေါင်း (၁၈၀) ကျော်ရှိပြီဖြစ်ရာ သမိုင်းမှတ်တမ်းအရ နှစ်အုပ်သာကျန်ရှိပြီး တစ်အုပ်မှာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကွန်ဂရက်စာကြည့်တိုက်နှင့် ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ အမျိုးသားပြတိုက်တွင် ထိန်းသိမ်းထားရှိပါတယ်။(၁၇၉၁)ခုနှစ်တွင် မွေးဖွားခဲ့သော မက္ခရာမင်းသားကြီးမှာ (၁၈၄၈)ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်
Comments
Post a Comment